ထားဝယ် မတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထက်ကျေးရွာ၊ အခြေခံပညာအထက် တန်းကျောင်းတွင် မော်ကယ်(ဆလုံ)တိုင်းရင်းသားများအား ဖိုင်ဘာလှေ များထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ ကြောင်း သိရ သည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက တနင်္သာရီ တိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ဆလုံမော်ကယ်တိုင်းရင်းသား လူမျိုးများ ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးအပ်သော လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေများဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဆလုံ မော်ကယ်တိုင်းရင်းသားများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် လိုအပ်သောဆန်၊ လှေ၊ ငါးမျှားကြိုး၊ ဂဏန်းပိုက်၊ ရေငုပ် မျက်မှန်များဖြင့်လိုအပ်သည်များကို ထည့်သွင်းစဉ်းစားပြီးဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိကြောင်း ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျွန်းစု မြို့နယ် အတွင်းရွာပေါင်း(၁၁)ရွာရှိ ဆလုံမော်ကယ်လူမျိုးများအတွက်ငွေကျပ် (၄၂၃) သိန်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရွာပေါင်း (၅)ရွာတွင် ကျပ်(၁၅၈)သိန်းနှင့် ကော့သောင်း မြို့နယ် ရွာပေါင်း(၄)ရွာအတွက်သိန်း(၄၀၀) ကျော်သုံးစွဲပြီး ဆန်၊ လှေ၊ ငါးမျှားကြိုးများ၊ ဂဏန်း ပိုက်များကို ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြောင်း၊ လာမည့်နှစ်တွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ခွင့်ပြု ရန်ပုံငွေဖြင့် ဆလုံမော်ကယ် တိုင်းရင်းသားလူမျိုးများအတွက် လိုအပ်သောပစ္စည်းများသာမက ပညာရေး၊ ကျန်းမာရေး ဖွံဖြိုးမှုများအလေးထားဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးများကိုဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ် ကြောင်း၊ ဆလုံမော်ကယ်လူမျိုး များဖွံ့ဖြိုးတိုးတက်အောင်အဖက်ဖက်မှ ကူညီဆောင်ရွက် ပေးသူများကိုကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သော စီးပွားရေးရာဝန်ကြီးl လမ်းပန်းဆက်သွယ်ရေးရာ ဝန်ကြီးနှင့် တိုင်းရင်း သားရေးရာဝန်ကြီးတို့က မော်ကယ်(ဆလုံ) တိုင်းရင်းသားများအား ဖိုင်ဘာလှေ (၄၃)စီးတန်ဖိုး သိန်း(၁၇၀)ကျော်နှင့်(၇)သိန်း ငါးသောင်းကျော် တန်ဖိုးရှိ ငါးမျှားကြိုးများအား ထောက်ပံ့ပေးအပ်ပြီးကျွန်းစုမြို့ နယ်မော်ကယ်(ဆလုံ) စာပေ နှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးငွေဝင်းက ကျေးဇူးတင်စကား ပြောကြားကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖိုင်ဘာလှေများ အားကြည်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)