အမာ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမာမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ်(၁)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး လိုအပ်သည့် လုံခြုံရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး လုံလောက်စွာရရှိရေးကိစ္စများနှင့် ပတ်သက်၍လည်းကောင်း၊ မေးခွန်းလွှာ သယ်ယူရေး၊ စာမေးပွဲဖြေဆိုပြီးပါက အဖြေလွှာများ ပေးပို့ရေးကိစ္စများနှင့် ပတ်သက်၍လည်းကောင်း ညှိနှိုင်းဆွေးနွေးကြပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေခံရဲစခန်းမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နော်လေးလီယန်