ငပုတောမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြောင့် ရပ်ဆိုင်းထားခဲ့သည့် အခြေခံပညာအဆင့် စာမေးပွဲအား မတ် ၂၅ ရက်နေ့တွင် ဆက်လက်ဖြေဆို

ငပုတော မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် ခေတ္တရပ်ဆိုင်းထားသော အခြေခံပညာအဆင့် စာမေးပွဲများအား ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ဆက်လက်ဖြေဆို သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း လတ်တလောဖြစ်ပေါ်ခဲ့သော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်နေသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းအန္တရာယ်ကြောင့် ယခုလ ၂၂ ရက်တွင် ဖြေဆိုနေဆဲအလယ်တန်းနှင့် အထက်တန်းအဆင့် စာမေးပွဲများအား ခေတ္တရပ်ဆိုင်းထားခဲ့ရာ ယနေ့ မတ်လ ၂၅ ရက်နှင့် မတ်လ ၂၆ ရက်တို့တွင် ဖြေဆိုရန်ကျန်ရှိသည့် ဘာသာရပ်(၂)ခုအား ယခင်ဖြေဆိုခဲ့သည့် အချိန်များအတိုင်း ဆက်လက်ဖြေဆို သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)