ပလောက်မြို့တွင်  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေး

ပလောက်  မတ်   ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပလောက်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနများတွင် မတ်လ ၂၄ ရက်နေ့ မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပလောက်မြို့တွင် အထက(ပလောက်)၊ အထက(ခန္တီ)၊ အထက(ပြင်ဘုကြီး)၊ အထက(ခွဲ) ကျောက်တောင်စသည့် စာစစ်ဌာန(၄)ခု တွင် ကျောင်းဖြေ အတွဲ(၇)တွင် ၆ ဦး ၊ အတွဲ(၁)တွင် ၇၇ ဦး၊ အလွတ်ဖြေတွင်  အတွဲ(၁)တွင် ၃၂  ဦး၊ စုစုပေါင်း ၁၁၅ ဦး ရှိကြောင်း တာဝန်ရှိသူများ ထံမှ သိရသည်။၊ 

၂၀၂၂ ခုနစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ  ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်များအား စာမေးပွဲဖြေဆိုရက် မတိုင်မီအထိ ထုတ်ပေး သွားမည်ဖြစ်ကြောင်းနှင့် ဖြေဆိုခွင့်ကတ်ထုတ်ယူရာတွင် ကျောင်းတွင်းဖြေ ကျောင်းသား ကျောင်းသူများက မိမိတို့၏ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရနိုင်ကြောင်းနှင့်  ပြင်ပဖြေကျောင်းသားကျောင်းသူများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများရှိ ကြီးကြပ်ရေးမှူးများမှ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)