ဟင်္သာတမြို့နယ်၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး

ဟင်္သာတ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့် ကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာစာစစ်ဌာန (၁၃)ခုတို့တွင်ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်စာစစ်ဌာနများအဖြစ် အထက(၁)ဟင်္သာတ၊ အထက(၂) ဟင်္သာတ၊ အထက(၃)ဟင်္သာတ၊ အထက(၄)ဟင်္သာတ၊ အထကရှားခဲကျောင်း၊ အထက တလုတ္ထော်ကျောင်း၊ အထကဒူးယားကျောင်း၊ အထကဓမ္မီကျောင်း၊ အထက နိဗ္ဗာန်ကျောင်း၊ အထကနတ်မော်ကျောင်း၊ အထကယုန်သလင်းကျောင်း၊ အထကကြက်တူရွေးကျောင်း၊ အထကရွာသစ်တောင်ကျောင်းများ အပါအဝင် စာစစ်ဌာန(၁၃)ခု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ် တစ်ခုလုံးအနေဖြင့် ကျောင်းတွင်းဖြေဆိုမည့် အတွဲ(၁)​၊ အတွဲ(၂) ​အတွဲ(၇) ဖြေဆိုမည့် ကျောင်းသား/သူ(၂၀၆၂)ဦးရှိပြီး ပြင်ပဖြေဆိုမည့်သူ (၆၀၅)ဦးဖြစ်ပြီး  စုစုပေါင်း ကျောင်းသား/သူ (၂၆၆၇) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှမြင့်ထံမှ သိရသည်။

ကိုဇော် ဟင်္သာတ