ရွှေတောင် မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ကြံစိုကိပျိုးမှု(၃၈၅)ဧက စိုက်ပျိုးထားလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေတောင်မြို့နယ်အနေဖြင့် ဆည်ကြီးကုန်းအုပ်စုနှင့် ကသစ်တိုင်းအုပ်စုတို့တွင် ကြံစိုက်ဧက (၃၈၅)ဧကတွင် K9584 ကြံမျိုးများကို ဒီဇင်ဘာလမှ စတင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကြံထွက်တန်ချိန်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်နည်းစနစ်မှန်ကန်စေရေး မြေသြဇာစနစ်တကျ သုံးစွဲတတ်စေရန် ကွင်းဝန်ထမ်းများနှင့်လိုက်လံ၍ နည်းပညာပေးဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးမြေ အနေအထားအရ တစ်ဧက လျှင် ကြံတန်ချိန်အထွက်နှုန်းမှာ(၂၂)တန်ထွက်ရှိရာ ထွက်ရှိလာသော ကြံများကို ပြည်နဝဒေးသကြားစက်နှင့် ဒေသထွက်ကုန် ကြံသကာချက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ကိုကိုမင်း