ကသာ မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၁၀) နာရီမှ မွန်းလွဲ(၁)နာရီအချိန်အထိ စာမေးပွဲဖြေဆိုခွင့်ကတ်များကို သက်ဆိုင်ရာစာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကသာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၂)ခုတွင် ကျောင်းတွင်းဖြေဆိုမည့်သူ (၄၆၆) ဦးနှင့် ကျောင်းပြင်ပဖြေဆိုမည့်သူ (၂၉၆) ဦး၊ စုစုပေါင်း(၇၆၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)