ပြင်စလူမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ပြင်စလူ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ အာစနီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်၁၀နာရီအ ချိန်ခန့်က ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်ဗိုလ်မှူးကြီး မျိုးညွန့်ဦးက ဆန်(၁)အိတ်၊ အဆင့်မြင့်ခေါက်ဆွဲခြောက်(၁)ဖာနှင့် လပွတ္တာခရိုင်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က ပစ္စည်း(၁၇)မျိုးပါ ပုံး(၁)ပုံးတို့ကို ပြင်စလူမြို့အမှတ်(၁)ရပ်ကွက် လေဘေးသင့်ပြည် သူတစ်ဦး အားထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးမျိုးညွန့်ဦးနှင့်အဖွဲ့သည် ဆေးရုံရှယ်တာသို့ သွားရောက်ကာလှည့်လှည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ပြီး ကျောင်းရှယ်တာသို့ ဆက်လက် သွားရောက်ကာ ရင်းရင်းနှီးနှီးတွေ့ဆုံမိတ်ဆက်ခဲ့သည်။

ထို့ပြင် မင်္ဂလာသိဒ္ဓိကျောင်းတိုက်ဆရာတော် အရှင်အာနန္ဒာအားသွား ရောက်ဖူးမျှော်ကာ ဆန်အိတ်(၂)အိတ်၊ အဆင့်မြင့်ခေါက်ဆွဲခြောက် (၁)ဖာနှင့်ဝတ္ထုငွေအသီးသီးတို့ကို ဆပ်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက် အနောက်တောင်တိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီးမျိုးညွန့်ဦး၊ လပွတ္တာခရိုင် စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ လပွတ္တာခရိုင်စီမံ ခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဇွဲသူဟိန်း၊ လပွတ္တာမြို့နယ် စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌဦးခိုင်ထွန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ တို့သည်ပြင်စလူမြို့၊ ကုန်းကြီးကျေးရွာ အ.ထ.က ခွဲကျောင်းသို့သွား ရောက်ကာ လေဘေးသင့်ပြည်သူ(၁၂)ဦးတို့အား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ယောဧရာ မြို့(ပြန်/ဆက်)