ကြံခင်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ နွေရာသီ အားကစားသင်တန်းများကို မတ်လ(၂၅)ရက်နေ့မှ စတင်ပြီး ဧပြီ(၈)ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။
နွေရာသီ အားကစားသင်တန်းများကို ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် ပြည်သူများ တတ်ရောက်နိုင်ရန် အားကစားနည်း(၇)မျိုးဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ကရာတေး၊ ကြက်တောင်၊ finess Dance အားကစားနည်းများဖြစ်ပြီး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် သင်တန်းကြေး(အခမဲ့)ဖြင့် အမည်စာရင်းများ ပေးသွင်း နိုင်ပါကြောင်း၊ ဖုန်းနံပါတ်(၀၉၂၅၃၈၃၆၀၉၇)သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ယခုလို သင်တန်းဖွင့်လှစ်ခြင်းဖြင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)