မြန်အောင်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၉)ခု တို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်

မြန်အောင် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ၊မြန်အောင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၉)ခုတို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

မြန်အောင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁)မြန်အောင်၊ အ.ထ.က(၂)မြန်အောင်၊ အ.ထ.က ကနောင်၊ အ.ထ.က သပြေကုန်း၊ အ.ထ.က အင်ပင်၊ အ.ထ.က တာခွ၊ အ.ထ.က ဇလုပ်မ၊ အ.ထ.က လက်ပံကွင်းနှင့် အ.ထ.က ရွှေကျင် စာစစ်ဌာန(၉)ခုတို့၌ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီးစာစစ်ဌာနများ စာမေးပွဲဖြေဆိုနေစဉ် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုသူ ဦးဆောင်မှုဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးသန်းဝင်းအောင်နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ နယ်မြေ မီးသတ်စခန်း တာဝန်ခံများနှင့်တပ်ဖွဲ့ဝင်များက မိမိတို့နယ်မြေအတွင်းရှိ စာစစ် ဌာနများအား မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊‌ သဲ၊ ရေ အသင့်ထားရှိရေး ဆောင် ရွက်ချက်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဗိုလ် မြန်အောင်