ဧရာဝတီတိုင်းဒေသကြီး  အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှု စစ်ဆေး 

ငပုတော  မတ် ၂၄ 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များသည် ယမန်​နေ့က​ငပုတောမြို့နယ်၊ ဝက်ဆူကျေးရွာအုပ်စု၊ ဝက်ဆူကျေးရွာရှိ ကိုယ့်အားကိုယ့်ကိုး အလယ်တန်း ကျောင်းဆောင်ဟောင်း လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။  

ထိုသို့ စစ်ဆေးရာတွင် အခြေခံပညာ အလယ်တန်းကျောင်းဆောင်ဟောင်း ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေနှင့်  ပြင်ဆင်ရန်လိုအပ်ချက်များအား တာဝန်ရှိသူက တင်ပြကြရာ ဝန်ကြီးချုပ်က ဖြည့် ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများအား  ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ဝက်ဆူကျေးရွာ အ​ခြေခံပ​ညာ အလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒေသ အတွက် ဖွံ့ဖြိုးရေးလိုအပ်ချက်များကို မေးမြန်းရာ ဒေသခံပြည်သူများက ပြန်လည်ဖြေကြား ခဲ့ကြသည်။ 

 

အဆိုပါ ဝက်ဆူကျေးရွာအုပ်စု၊  ဝက်ဆူကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(၆၀x၂၄) ပေ RC တစ်ထပ် အဆောက်အဦးသည် လေပြင်းတိုက်ခတ်မှုကြောင့် သွပ်အမိုး(၁၄)ချပ်လန်ကာ ဆုံးရှုံး ခဲ့ပြီး၊ အမြန်ဆုံး ပြန်လည် ပြင်ဆင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)