ဇီးကုန်း မတ် ၂၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို” ယနေ့နံနက်ပိုင်းက ဇီးကုန်းမြို့နယ် အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးက ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်ထက်ထက်ခိုင်က စိတ်ဓာတ်မြှင့်တင်ရေး၊ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က လူငယ်နှင့် အကျင့်စာရိတ္တကောင်းမွန်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
တင့်ဆွေ(ပြန်/ဆက်)