ဒေးဒရဲမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်

ဒေးဒရဲ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲက လေပြင်းတိုက်ခတ်ခြင်းနှင့် ရေလှိုင်းရိုက်ခတ်မှုကြောင့်  တိုးကျေးရွာနှင့် ဆားကျင်းကျေးရွာတို့ရှိ လူနေတဲအိမ်အချို့ အမိုးလန် ပျက်စီးခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ ကျေးရွာရှိ ရပ်မိရပ်ဖနှင့် တာဝန်ရှိသူများက လေပြင်းတိုက်ခတ်ခြင်းနှင့် ရေလှိုင်း ရိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးခဲ့သည့် တိုးကျေးရွာအုပ်စု ပင်လယ်ကမ်းစပ်တစ်လျှောက်ရှိ လူနေတဲအိမ်များနှင့် ဆားကျင်းကျေးရွာရှိ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်များရှိ အပျက်အစီး များအား ဖယ်ရှားရှင်းလင်းခြင်း၊ ပြိုလဲနေသည့် သစ်ပင်၊ သစ်ကိုင်းဖယ်ရှား ရှင်းလင်းခြင်းများ ဆောက်ရွက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း