ပန်းတနော် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မတ်လ ၂၂ ရက်နေ့၌ မိုးသက် လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်၍ ပျက်စီးသွားသော လူနေအိမ် (၂) လုံးတို့အား ယနေ့ မွန်းလွဲ ၂ နာရီက ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော မင်းဆယ်ကျေးရွာရှိ လူနေအိမ် (၁)လုံးအတွက် ထောက်ပံ့ငွေကျပ် ၁၀၀၅၀၀ နှင့် ရွှေလှေကျေးရွာရှိ လူနေအိမ် (၁)လုံးအတွက် ထောက်ပံ့ငွေကျပ် ၉၄၂၀၀ တို့အား မအူပင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လူနေအိမ် (၁)လုံးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၀၀၀၀ တို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး နေအိမ်အမိုးများအား ဝိုင်းဝန်းပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)