ပုသိမ် မတ်လ ၂၄
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ အပတ်စဉ်ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယမန်နေ့နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဦးဝင်းရှိန် (လက်ထောက်ညွှန်ကြားရေးမှူး)မှ စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အလေ့ အထကောင်းတစ်ရပ်အနေနှင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှေးဦးစွာပြောကြားသည်။
ပုသိမ်ခရိုင် Community Centre မှဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သော (Youth Club)အဖွဲ့မှ အဖွဲ့ဝင်များ ကစာရေးဆရာ ရွှေဘိုသန်းထွန်းရေးသားသည့် ချစ်စရာ့မြန်မာပြည်နှင့် အခြား ဆောင်းပါးများ စာအုပ်မှ (စာ.၉၅)ရှိ ''မိတ်ကောင်းဆွေကောင်းခေါင်းစဉ်'' ကို ဒေါ်အိအိဖြိုး (Youth Club အဖွဲ့ဝင်) မှလည်းကောင်း၊ (စာ.၁၂၁)မှ လူထုအတွက်လား၊ လူတစ်စုအတွက်လား ခေါင်းစဉ်ကို ဦးကျော်လင်းဦး (Youth Club အဖွဲ့ဝင်) မှလည်းကောင်း စာဖတ်ဝိုင်းကျင်းပဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြရာ ပုသိမ်ခရိုင်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ခိုင်နှင့် ရုံးဝန်ထမ်းများမှ ပါဝင်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)