အထက်မင်းလှ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မင်းလှ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ သည်။
အဆိုပါ အခမ်းအနားတွင် မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက လူငယ် များအသိပညာဗဟုသုတ တိုးတက်မြင့်မားရေးနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ရေးခေါင်းစဉ်၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းလှိုင်က အားကစားနှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး မင်းလှမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မင်းလှအခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)