မြဝတီမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကျင်းပ

မြဝတီ မတ် ၂၄

မတ်၂၇ရက်နေ့တွင် ကျရောက်မည့်  (၇၇) နှစ်မြောက်   တပ်မတော်နေ့အထိမ်းအမှတ်  အကြို အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကို  ကရင်ပြည်နယ်၊  မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြဝတီမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကာ ယနေ့နံနက် ၁၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြဝတီခရိုင်ရုံး ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ် ချက်ကို ပြောကြားပေးပြီး   မြို့နယ်စာရေးဆရာအသင်းမှ    စာရေးဆရာမ   တင်အုံးရှင်က ဆောင်းပါးရှင်အညတြ၏ အမျိုးသား နိုင်ငံရေးကိုအခြေခံပြီး  မွေးဖွားလာသည့် တပ်မတော်၏ သမိုင်းကြောင်းများ၊   ယနေ့ခေတ်လူငယ်၊  လူရွယ်များအတွက် အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ် ထားရှိရမည့်အကြောင်း တပ်မတော်၏ စည်းလုံးညီညွတ်မှု စွမ်းအားကြီးမားပုံနှင့် ဇွဲ၊ လုံ့လ၊ ဝိရိယတို့ဖြင့် စွန့်စားကြိုးပမ်း ဆောင်ရွက် ပုံတို့ကို အသေးစိတ် ဆွေးနွေးပေးသည်။

မြဝတီခရိုင်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူလူထု အသိပညာ ရရှိစေရန် စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက် ပေးခြင်းအပြင် ပြည်သူ့အကျိုးပြု အစီအစဉ်များ ကိုလည်း အွန်လိုင်းမှတစ်ဆင့် ပုံမှန်ရိုက်ကူး ထုတ်လွှင့်ပေးလျက် ရှိကြောင်းသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)