တောင်တွင်းကြီး မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးအုပ်စု၊ ဝက္ကသေးကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ကော်မတီမှ လျှပ်စစ်မီးလင်းခြင်း အထိမ်းအမှတ် အောင်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်းတို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ် မန်နေဂျာ AE ဦးဝင်းကိုက လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာများကို အကျယ်တစ်ဝင့် ရှင်းလင်း ဆွေးနွေးခဲ့ရာ ကျေးရွာပြည်သူများ ကိုယ်စား ဦးအေးလွင်က ယခင်က ဖယောင်းတိုင်မီးကိုသာ သုံးစွဲခဲ့ရာမှ ယခုအခါလျှပ်စစ်မီး အလင်းရောင်ရရှိပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ ဒေသခံပြည်သူများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်တော့မည်ဖြစ်၍ ဝမ်းသာပီတိဖြစ်ရပါကြောင်း ပြောကြားခဲ့သည်။
ထိုနောက် ထရန်စဖော်မာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဝက္က သေးကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၁၁၀ ကေဗွီအေထရန်စဖော်မာ ၃ လုံး ၁၁ ကေဗွီလိုင်း အတွက် ထောက်ပံပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျေးရွာ ပြည်သူ(၃၈၀) အိမ်ထောင်စုတို့မှ တည်ဆောက်စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၃)သိန်းနှုန်းဖြင့် စုစုပေါင်း (၁၁၄၀)သိန်း ကုန်ကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)