ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၁/၂၀၂၂ ဘဏ္ဍာနှစ်  (Mini Budget) တွင် အသက်မွေးဝမ်း ကြောင်းသင်တန်း အကြိမ် (၃၀) ဖွင့်လှစ်နိုင်ခဲ့

ပုသိမ် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး တိုင်းကျေးလက်ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နှင့် မြို့ပြရှိ အခြေခံလူတန်းစားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန် သာမက မိမိတို့အိမ်တွင် မိသားစုဝင်ငွေရရှိစေရန်အတွက် အသက်မွေးဝမ်းကြောင်း အထောက် အကူပြု သင်တန်းများဖွင့်လှစ် ပေးခဲ့ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများနှင့် ကျေးရွာများတွင် ဖွင့်လှစ်ခဲ့သော သင်တန်းများမှာ တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိမ်းနည်း သင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ လျှပ်စစ်သံဂဟေဆက် သင်တန်း၊ အခြေခံစားသောက်ကုန် ထုတ်လုပ်နည်းသင်တန်း Bakery နှင့် Snack အမျိုးမျိုး ထုတ်လုပ်မှုသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းတို့ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (Mini Budget) အတွင်း သင်တန်းအကြိမ် (၃၀) သင်တန်းသူ၊ သင်တန်းသား (၆၆၅) ဦးအား အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း အဆိုပါရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)