ဟင်္သာတ မတ်၂၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မွေးလုံးကျေးရွာအုပ်စု၊ မွှေးလုံး ကျေးရွာ၌ (၂၂.၃.၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅၀၀၀၀)၊ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၁၀၅၀၀)၊ စုစုပေါင်းရန်ပုံငွေ (၆၀၅၀၀)၊ Surgical Masks (၁၀)ခု တို့ကိုလည်း ကောင်းဘေးချောင်ကျေးရွာအုပ်စု၊ ထုံးဖွတ်ကုန်းကျေးရွာ၌ (၂၃.၃.၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၀၀၀၀)၊လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၈၄၀၀)၊ စုစုပေါင်း ရန်ပုံငွေ (၆၈၄၀၀) နှင့် Masks (၈)ခုတို့ကို လည်းကောင်း၊ ယမန်နေ့ ညနေပိုင်းက ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးကျော်စွာထွန်းနှင့် မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းဇော်ထိုက်တို့မှ သွားရောက်ထောက်ပံ့ပေးအပ်ရာ လေဘေးသင့် အိမ်ထောင်စုဝင်များက လက်ခံရယူခဲ့ကြောင်းသိရသည်။
ကိုဇော်-ဟင်္သာတ