ဘားအံ မတ် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လေထု ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်ပို်င်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင် သည့် လေုထုညစ်ညမ်းမှုအကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေး ဆွေးနွေးရခြင်း ဖြစ်ကြောင်း Talk Show ကျင်းပပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်၊ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ဆင်းပြည့်ရွှေက လေထု ညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှုအမျိုးအစား၊ လေထုညစ်ညမ်းစေသော အဓိကအရာများ၊ လေထုညစ်ညမ်းမှု ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုကို လျှော့ချအသုံးပြုနိုင်သည့် နည်းလမ်းများကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)