အိမ်မဲမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားပြီဖြစ်၍ ဌာနဆိုင်ရာရုံးများတွင် သန့်‌ရှင်းရေးများ ဆောင်ရွက်

အိမ်မဲ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ  ရုံးဌာနဆိုင်ရာများတွင် မုန်တိုင်းကင်းစင်သွားပြီဖြစ်၍ ယမန်နေ့နံနက် ၁၁နာရီအချိန်က ရုံးသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

အိမ်မဲမြို့နယ်တွင်၂၂.၃-၂၀၂၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ရွက် ခြောက်များ၊ သစ်ကိုင်း‌များကျိုးကျ၍ ရုံးဝန်းများအတွင်း ညစ်ပတ်နေသဖြင့် မြို့နယ်တွင် Green City , Clean City ဖြစ်စေရေးအတွက် ဌာနဆိုင်ရာရုံးများ၏ သန့်ရှင်းသာယာလှပနေစေရေး   ရုံးဌာနများအလိုက် သန့်ရှင်းရေး‌များ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဌာနဆိုင်ရာရုံးများ ပျက်စီမှုမရှိသော်လည်း ရုံးခြံဝန်းအတွင်း အမိုက်သရိုက် များဖြင့် ညစ်ပတ်နေသဖြင့် သန့်ရှင်းရေးများကို နေ့စဉ်နံနက် ရုံးဖွင့်ချိန်တွင် တာဝန်ကျဝန်ထမ်းများ အလိုက် ဆက်လက်သန့်ရှင်းရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဌေးဌေးလှိုင်