ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိ ပညာပေး Talk Show ပြုလုပ်

ကြာအင်းဆိပ်ကြီး မတ် ၂၄

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာ စေရေး သိသင့်သိထိုက်သောအကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိ ပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃နာရီ အချိန်က မြို့နယ်လူထု အခြေပြု ဗဟိုဌာန Community Centreခန်းမ၌ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်‌ရေး အသိပညာပေးTalk Show ပြုလုပ်ခဲ့ သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည် က အများပြည်သူအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏  ရည်ရွယ်ချက်များအားပြောကြားပြီး စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဆရာမဒေါ်ညွန့်ညွန့်ဆွေက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့်ပတ်သက်၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှုအားလုံးဖျက်သိမ်းရေး သဘောတူစာချုပ် DISCRIMINATION AGAINST WOMEN (EDAW) (၁၆)ချက်အရ လိင်ကွဲပြားမှုကိုအခြေခံ၍ အမျိုးသမီးများအားခွဲခြားဖိနှိပ်မှု မပြုရေး၊ ထိုသို့ခွဲဖိနှိပ်မှုများအပေါ် ရှုတ်ချရန် ပပျောက်အောင်လုပ်ဆောင်ပေးရန်၊ အမျိုး သမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေအပါအဝင် ဆောင်ရွက်မှုများ ဆောင်ရွက် ပေးရေး၊ လိင်ကွဲပြားမှုအပေါ် ခွဲခြားမှု အမြင်အစွဲများ ပပျောက်အောင် လုပ်ဆောင် ပေးရန်၊ အမျိုးသမီးများအား ကူးသန်းရောင်းဝယ်ခြင်းပြည့်တန်ဆာအဖြင့်စေခိုင်းခြင်းများမှ တားဆီးပေးရန်၊ မဲပေးပိုင်ခွင့်နှင့် နိုင်ငံ ရေးဆုံးဖြတ်ချက်များချရာတွင် ပါဝင်ခွင့်ပေးရန်၊ စသည့်အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သည်များ ကို ဆေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာ မှတ် သားသိရှိနိုင်စေရေးအတွက် Online လိုင်းမှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုသည်များအားIprd kyainn swim kyi facebook page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

မျိုးမင်းဦး