မကွေး၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

မကွေး မတ် ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  အခြေခံပညာ ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက မကွေးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦး‌ဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကာ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းအောင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား/သူများ ကြည့်ရှုလေ့လာ နိုင်ရန်အတွက် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား ဖြန့်ဝေ၍(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/သူများမှ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုအောင်