အိမ်မဲ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်က မုန်တိုင်းတိုက်ခတ်မှုပြီးစီး သွားပြီ ဖြစ်၍ ရုံးဌာနများ ရပ်ကွက်များရှိ အမှိုက်များ ရှင်းလင်းကြရန်၊ မြို့သန့်ရှင်း သာယာလှပရေး Green City, Clean City ဖြစ်စေရေး အမြဲဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများအနေဖြင့် ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ သတ်မှတ်ရက် အပြီးဆောင်ရွက်ကြရန်၊ လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်းတိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရေး ဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ကောင်းမြတ်စံက မြို့နယ်တွင် လုံခြုံရေးပိုင်း ဆောင်ရွက်နေမှုနှင့် ရုံးဌာနများ၊ စာသင်ကျောင်းများ လုံခြုံရေး အထူးဂရုပြုရန် ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့်ဌာနဆိုင်ရာများက လက်ရှိ ဌာနများအလိုက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြခဲ့ကြသည်။
ဌေးဌေးလှိုင်