နတ်မောက် မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးအတွင်း စိုက်ပျိုးထားသော စပ်မျိုးနေကြာ စမ်းသပ်ကွက်အား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းပြီး စပ်မျိုးနေကြာ ဝတ်မှုံကူးခြင်းများ ဆောင်ရွက် ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နတ်မောက်မြို့နယ်အတွင်ရှိတောင်သူများ နေကြာတိုးချဲ့ စိုက်ပျိုး နိုင်ရေး အထောက်အကူဖြစ်စေရန်၊ အထွက်နှုန်းတိုးတက်စေရန်၊ နေကြာမျိုးစေ့ထုတ် လုပ်ငန်းများ လက်တွေ့သိရှိစေရန်၊ လာမည့်နှစ်စိုက်ပျိုးရာသီတွင် စပ်မျိုးနေကြာများ တိုးချဲ့ စိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး ဝတ်မှုံကူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် နေကြာစိုက်ပျိုးပြီးစီးမှုဧက စုစုပေါင်း (၁၇၁၃၂)ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
သင်းသင်းမြတ်