သာပေါင်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီး ကျေးရွာနှင့် ငှက်စံကျွန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်၍ နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ရသော လေဘေးသင့် အိမ်ထောင်စုများအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ရုံးမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင် ကျော်သိန်းနှင့် သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးတင် မောင်ထွန်းတို့မှ လေဘေးသင့် အိမ်ထောင်စု (၃)စုအား တစ်အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀၀၀ဝ) ကျပ်၊ ဆန်ရိက္ခာ(၇)ရက် စာရန်ပုံငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ တစ်ပုံးတို့ကို ကျေးရွာအရောက် လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း