ပြည်ကြီးမဏ္ဍိုင် မတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ယမန်နေ့က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ သည်။
ဟောပြောပွဲကို ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကျောင်း သား/ကျောင်းသူလူငယ်လေးများသည် နိုင်ငံသားကောင်းအနာ ဂတ်ကြယ် ပွင့်လေးများဖြစ်သဖြင့် ထူးချွန်ထက်မြက်နေရုံသာမက အကျင့်စာရိတ္တ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကိုယ်အမူအရာ ယဉ်ကျေးခြင်း၊ နှုတ်အမှုအရာချိုသာသိမ်မွေ့ခြင်း၊ စိတ်အမူအရာ မှန်ကန်ဖြောင့်မတ်သော အနာဂတ်သားကောင်းများဖြစ်သည့်အတွက် အကျင့်စာရိတ္တ အခြေခံသဘောတရားကို နားလည် လက်ခံ ပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအသိပညာဗဟုသုတများ ဖွံ့ဖြိုးတက်စေရန် စာအုပ်စာပေ လေ့လာဖတ်ရှုသင့်ကြောင်းနှင့် နွေရာသီ ကျောင်း ပိတ်ရက်များတွင်လည်း ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသင့်ကြောင်း ရှင်းလင်း ပြောကြားသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)