ဘားအံ မတ် ၂၄
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့များအား ဆန်ထောက်ပံ့ပေး အပ်သည့်အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်မိသားစုများ စားဝတ်နေရေးနှင့်သက်သာ ချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ တွင် ဝိုင်းဝန်းကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး အဖွဲ့များအနေဖြင့် NCA လမ်းကြောင်းကို မသွေဖီ မယိမ်းယိုင်စေဘဲ တည့်မတ်စွာလျှောက်လှမ်းနိုင်ရေး မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA ပါ သဘောတူညီချက်များ အတိုင်း အလေးထားလုပ်ဆောင်သွား မည်ဆိုသည့် အချက်ကို ထည့်သွင်းထားပြီး ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များကို အတူတကွပူးပေါင်း ဆောင်ရွက်နိုင်ရန် တတ်နိုင်သမျှ ဥပဒေ ဘောင် အတွင်းမှ ဆောင်ရွက်ပေးဖို့ အသင့်ရှိပါကြောင်း ပြောကြားသည်
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်း ရေးကောင်စီ) KNU/KNLA(PC) အဖွဲ့အားလည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် ဇော်မင်းအောင်က ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)အဖွဲ့အားလည်းကောင်း စုစုပေါင်းငွေကျပ် ၆၇၃၈၀၀၀ (ခြောက်ဆယ်ခုနှစ်သိန်းနှစ်သောင်း ရှစ်ထောင်)တန်ဖိုးရှိ ဆန်အိတ် ၂၃၂ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ငြိမ်းချမ်းရေးအဖွဲ့များ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)