ပုသိမ်မြို့နယ်တွင် အများပြည်သူများ သုံးစွဲရန်နှင့် သောက်သုံးရန်မသင့်သော အရက်ပုလင်းများဖျက်ဆီး 

ပုသိမ် မတ် ၂၄

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အများပြည်သူများ သုံးစွဲရန်နှင့် သောက်သုံးရန် မသင့်သော သိမ်းဆည်း ထားသည့် အရက်ပုလင်းများအား ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးတွင် လုပ်ထုံး လုပ်နည်းနှင့် အညီ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အရက်ပုလင်းမျိုးစုံ (၃၆၈) ပုလင်း ဖမ်းဆီးရရှိမှု စုစုပေါင်းတန်ဖိုးငွေမှာ ကျပ် (၆၃၄၂၇၀ဝိ/-) ဖြစ် ကြောင်း ပုသိမ်မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးမှ သိရသည်။

ပုသိမ်ခရိုင် ပြန်/ဆက်