ဘုတ်ပြင်း မတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပေါင်း၍ ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကျောင်းသား/ကျောင်းသူများအား ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များ နှင့် လူငယ်များအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန် ပြည့်စုံရန်လိုအပ်ကြောင်းနှင့် လူမှုကျင့်ဝတ်များနှင့်အညီ နေထိုင်ကာ အကျင့်စာရိတ္တ ကောင်းမွန်သော လူငယ်များဖြစ်အောင် လေ့လာမှတ်သားရသည်များနှင့် လူငယ်လူရွယ်များ အနေဖြင့် အသိပညာဗဟုသုများ တိုးတက်ဖွံ့ဖြိုးစေရန် စာအုပ်စာပေများလေ့လာဖတ်ရှု ရှာဖွေ မှတ်သားသင့်သည်များနှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင်လည်း ပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက်လေ့လာဖတ်ရှုနိုင်ကြောင်း ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြတ်သူရဇော်က လူငယ်လူရွယ်များ ကိုယ်လက်လှုပ်ရှားကျန်းမာ ကြံ့ခိုင်ရေးသိကောင်းစရာများနှင့်အားကစာကို ဝါသာနာပါသည့် လူငယ်မောင်မယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်မည့် အားကစားနည်းများအလိုက် တက်ရောက်လိုပါကလည်း ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း အားကစားဆိုင်ရာများ ရှင်းလင်းပြောကြားသည်။
မြို့နယ်( ပြန်/ဆက်)