မအူပင် မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးညီညီထွေးက သဘာဝဘေးအန္တရာယ် ကျရောက်လာမည်ဆိုပါက ပျက်စီးဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ခိုလှုံရာနေရာ စီစဉ်ထားပြီး အချိန်နှင့်တပြေးညီ သတင်းပို့ဆက်သွယ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအချိန်မီ ဆောင်ရွက်သွားနိုင်ရေးကြိုတင် စီမံဆောင်ရွက်ထားဖို့ လိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ ဆက်(မအူပင်)