ထန်းတပင်(ပဲခူး) မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂ဝ၂၁-၂ဝ၂၂ခု ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် အဌမတန်း (Grade - 9) စာမေးပွဲ ကို ယနေ့ နံနက်(၉) နာရီက သိပ္ပံဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည် ။
ထန်းတပင်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် အဌမတန်း စာစစ်ဌာန(၂၉) ခုတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား( ၃၇၇ ) ဦး၊ ကျောင်းသူ (၄၃၀) ဦး၊ စုစုပေါင်း( ၈၀၇) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၃၃၃) ဦး၊ ကျောင်းသူ ( ၃၈၅ ) ဦး၊ စုစုပေါင်း( ၇၁၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းသား( ၄၄ ) ဦး၊ ကျောင်းသူ ( ၄၅) ဦး၊ စုစုပေါင်း (၈၉) ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည် ။
ထန်းတပင်မြို့နယ်အတွင်း၂ဝ၂၂ ခုနှစ် အဌမတန်း (Grade-9)စာမေးပွဲကို မတ်လ(၁၇) ရက်နေ့မှ မတ်(၂၃) ရက်နေ့အထိ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)