ရေနံချောင်းမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် မျှောပါလာသော အမှိုက်များ ရှင်းလင်း ဆောင်ရွက်

ရေနံချောင်း မတ် ၂၃

လက်တလော ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းငယ် (Depression)အရှိန်ကြောင့် မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့တွင် ယမန်နေ့ ညနေပိုင်းက လေပြင်းများ တိုက်ခိုက်ပြီး ယနေ့ နံနက် အစောပိုင်းတွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေနံချောင်းမြို့နယ် ရွာသစ်ရပ်ကွက်ရှိ (ချောင်းနိမ့်)ချောင်းတိမ်ချောင်းသည် ယနေ့နံနက် (၁၁)နာရီအချိန်က ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ (ချောင်းနိမ့်)ချောင်းတိမ်ချောင်းရေနှင့်အတူ မျှောပါလာသော အမှိုက်များကို ရေနံချောင်းမြို့နယ် မီးသတ် ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန် ဦးစီး၍ သန္ဓေ(တဖဝ) (၁+၁၀) ဦးသည် ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များနှင့် ခရီးသည်တင် မော်တော်ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ရေးနှင့် လမ်းသွားလမ်းလာ ပြည်သူများ အဆင်ပြေစေရေးအတွက် အချိန်နှင့်တပြေးညီ ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ