မကွေးခရိုင်၊  မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်‌လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ

မြို့သစ်  သြဂုတ်၃၁

မကွေးခရိုင်၊  မြို့သစ်မြို့နယ် လွှတ်တော်ကိုယ်စား‌‌လှယ်လောင်းများ၏ အမည်စာရင်းကို မြို့သစ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးက ယမန်နေ့ ညနေကစ၍ သတ်မှတ်ထားသည့် နေရာများ၌ ကပ်ထား ကြေညာခဲ့သည်။

မြို့သစ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေငြာခြင်းကို အများပြည်သူသိရှိနိုင်ရန်အတွက်   မြို့နယ်ကော်မရှင်အဖွဲ့ ခွဲရုံးတွင်သာမက မြို့ပေါ်​ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးကြော်ငြာဘုတ်တွင်လည်း ကပ်ထားကြေငြာသွားမည်ဖြစ်​သည်။

မြို့သစ်မြို့နယ်တွင် ပါတီစုစုပေါင်း (၅)ခုနှင့်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦး၊ ပါ ဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း(၅)ဦး ၊ တိုင်းဒေသကြီး(၂) ကိုယ်စားလှယ်လောင်း(၅)ဦးနှင့် တိုင်းဒေသကြီး(၁) ကိုယ်စားလှယ်လောင်း(၆)ဦး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)