သာယာဝတီ မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိလျက်ရှိကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင် ပြိုလဲခြင်းနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင် အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်လွင်ဦး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ စခန်းနှင့် နယ်မြေမီးသတ်စခန်းများရှိအရာရှိ (၃)ဦး၊ တပ်ဖွဲ့ဝင်အင်အား(၂၇)ဦးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိကြောင်း၊ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက မြို့နယ်မီးသတ်ဦးစီးမှူးရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
သန့်ဇော် (သာယာဝတီ)