မြဝတီမြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်​စေ​ရေး ​အိမ်တိုင်အ​ရောက်ကွင်းဆင်းစစ်​ဆေး

မြဝတီ သြဂုတ် ၃၁

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေးကောက် ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရက်ကွက်/​ကျေးရွာများရှိ မဲရုံများတွင် ထုတ်ပြန်ထားပြီးဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ မဲ​ပေးခွင့်ရရှိနိုင်​ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့များ၊​ ရပ်ကွက်​ကော်မရှင်အဖွဲ့နှင့် အဖွဲ့ခွဲဝင်များပူး​ပေါင်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၅ ရက်ကွက်သို့ မဲစာရင်းများ မှန်ကန်မှုရှိ​စေရေးအတွက် ယ​နေ့​နံနက် ၁၀ နာရီက တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်​ဆေးခဲ့ကြသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်​ဆေးရာတွင် မဲစာရင်းများပြည့်စုံ မှန်ကန်​စေ​ရေးအတွက်​   ရပ်ကွက်ကော်မရှင်အဖွဲ့နှင့် အဖွဲ့ခွဲဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်​ရေးမှူးများနှင့် ပြည်သူများပူး​ပေါင်း၍ အိမ်​ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ဆေးကဒ်ပြား မှန်ကန်မှု ရှိ/မရှိ၊ အသက် (၁၈) နှစ်ပြည့်ပြီး သူတိုင်းမဲ​ပေးပိုင်ခွင့် မ​ဆုံးရှုံး​စေ​ရေး၊ မဲစာရင်းပါ အချက်အလက်များ မှန်ကန်မှုရှိ​စေ​ရေးတို့ကို တစ်အိမ်တက်ဆင်း လိုက်လံစစ်​ဆေးခဲ့ကြ​ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်