လပွတ္တာခရိုင်တွင် မုန်တိုင်းအရှိန်ကြောင့် ပျက်စီးမှုများအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းခြင်းဆောင်ရွက်

လပွတ္တာ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက တိုက်ခတ်ခဲ့သော မုန်တိုင်းအရှိန်ကြောင့် မြစ်ရေတက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်ခြင်းကြောင့် သီတာလမ်းနှင့် ကုန်သည်လမ်းထောင့် ၉ ရပ်ကွက်ရုံး နောက်ဘက်ရှိ လုံးပတ် ၂ ပေ အမြင့် ၂၀ ပေခန့် သရက်ပင်ကျိုးကျမှု၊ နေ့လယ် ၃ နာရီ ၂၀ အချိန် ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွေးနဒီရေပေါ်ဈေးတွင် ပြိုကျလျက်ရှိသော ပစ္စည်းများအား လပ္ပတ္တာခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

လပွတ္တာ ခရိုင်(ပြန်ဆက်)