ပေါက်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပေါက် မတ် ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယမန်နေ့ နံနက် ၈နာရီ အချိန်က  မြို့အဝင်စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများနှင့် ကျောင်း သား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၁.၃.၂၀၂၁ရက်နေ့(၇၆)နှစ်မြောက်တပ်မတော် နေ့စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာ ကောင်း(၁၂)ရပ်၊ တပ်မတော်၏ တည့်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော လုပ်ဆောင်ချက်များ၊ တပ်မတော်၏ ဆောင်ပုဒ်များ၊ ကဗျာများ၊ တပ်မတော်၏ သမိုင်းအဆက်ဆက် ကာကွယ်စောင့်ရှောက်မှု သမိုင်းကြောင်းများကို ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ရည်ရွယ်ကာ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)