အထက်မင်းလှ မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြိုနယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မင်းလှမြိုနယ် မီးသတ်ဦးစီးဌာနမှ မတ်လ ၂၀ ရက်နေ့မှစ၍ အသင့်စုဖွဲ့ပြင်ဆင်ထားရှိမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၇ နာရီခွဲက ကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းလှမြိုနယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းနေထိုင်သော ပြည်သူများအား သဘဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအဖွဲ့က အသိပညာပေး နှိုးဆော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသည့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည်ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိပြီး မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်းများ ဖြစ်ပေါ် နိုင်သည့်အတွက် အသိပညာပေးနှိုးဆော် ထားပြီးဖြစ်ရာ မြိုနယ်အတွင်းရှိ နယ်မြေ မီးသတ်စခန်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ် တပ်ဖွဲဝင်များ၊ လူမှုရေးအသင်းအဖွဲများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း မြိုနယ်မီးသတ်ဦးစီးအရာရှိထံမှ သိရ သည်။
မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိမှုများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ဇာဇာ(အထက်မင်းလှ)