ကျွန်းစုမြို့တွင် လေပြင်းတိုက်ခတ်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် လူနေအိမ် (၅) လုံးနှင့် တံတားတစ်စင်း ပျက်စီး

ကျွန်းစု မတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ယမန်နေ့ညနေ (၃) နာရီခွဲ အချိန် ခန့်က သဲချောင်းကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာ၌ လူနေအိမ်အချို့နှင့် တံတားတစ်စင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်(၅)လုံးနှင့် တံတားတစ်စင်း ပျက်စီးဆုံးရှုံးခဲ့ပြီး နေအိမ်ပြိုကျပျက်စီးမှုနှင့် ပတ်သက်၍ လူနှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

စည်သူရအောင် (ကျွန်းစု)