သာပေါင်း မတ် ၂၂
သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က မုန်တိုင်းအသိပေးခြင်းများကို ယမန်နေ့ ည ၆ နာရီအချိန်ခန့်မှ စတင်၍ မုန်တိုင်းသတိပေးချက် များနှင့် ပတ်သက်ပြီး လိုက်နာဆောင်ရွက်ကြရန် ထုတ်ပြန်ထားချက်များအား အသံချဲ့စက်ဖြင့် လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အာစနီဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီ(၄၅)မိုင်နှုန်းဖြင့် အားကောင်းသော မုန်တိုင်းအခြေ အနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် သစ်ပင်ကြီး များအောက် နေထိုင်သူများသည် သတိပြုနေထိုင်ကြရန်နှင့် ခိုင်ခံ့မှုမရှိသောအမိုးများအား ကြိုတင် ပြင်ဆင်ကြပါရန်နှင့် မြစ်ပြင်တွင် သွားလာနေကြသည့် လှေ၊ သမ္မာန်များနှင့် စက်လှေများ လေမိုးလွတ်ရာသို့ ကြိုတင်ခိုလှုံနေကြပါရန် သတိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။
စသည်ဖြင့် မြို့ပေါ်ရပ် ကွက်လမ်းဆုံလမ်းမများမှ လှည့်လည်ကြေညာ၍ မြို့နယ်ခြေနီအသင်းခွဲကြက်ခြေနီ စေတနာလုပ်အားရှင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က အသိပညာပေးခြင်းများ စဉ်ဆက်မပြတ်နှိုးဆော်ဆောင်ရွက်လျက်ရှိသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)