၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် တောင်ငူခရိုင်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ

တောင်ငူ သြဂုတ် ၃၁

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၁၇)ဦး၏ အမည်စာရင်းကြေညာချက် ပုံစံ(၁၀)နှင့် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ အမည်စာရင်း တင်သွင်းထားသည့် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် လောင်း (၈)ဦး တို့၏ အမည်စာရင်း ကြေညာချက် ပုံစံ(၁၀-က)များအား တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတွင် သြဂုတ်လ ၃၀ ရက်နေ့က စတင်ကပ်ထား ကြေညာထားကြောင်း သိရသည်။

အဆိုပါ ကပ်ထားကြေညာထားရာ၌ ဝင်ရောက်ယှဥ်ပြိုင်မည့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း (၃၀) ဦး ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၂) ဦး ၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်လောင်း (၃၇) ဦး ၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၈) ဦး ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသား လူမျိုး) လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦးတို့၏ အမည်စာရင်းများအား သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာထားကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)