ကောလင်း သြဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် ဝန်ထမ်းများသည် ယမန်နေ့က ကျေးရွာများသို့ လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် နိုင်ရေး ပြည်သူများ သိရှိလိုက်နာဆောင် ရွက်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဇင်းသာ၊ လက်ပံခုံ၊ ချဉ်ပြစ်ခုံ၊ ဇီးကုန်း၊ ကပ္ပလူး စသည့် ကျေးရွာများ ရှိပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး၊ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် သတိပေးချက်များ၊ ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ဒေသန္တာရ အမိန့်နှင့် ညွှန်ကြားချက် များအား အလေးထားဆောင်ရွက်ကြရန် စသည့်အချက်များ သတိပြုလိုက်နာဆောင်ရွက်နိုင်ရေး တစ်ရွာဝင်၊ တစ်ရွာထွက်ဖြင့် လှည့်လည် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)