မြဝတီမြို့ အခြေခံပညာကျောင်းတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

မြဝတီ မတ် ၂၁

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မတ်၂၇ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ်() အခြေခံပညာအလယ်တန်းကျောင်းတွင် ဖြန့်ဝေပေးကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည် ချက်များ ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂) ရပ် ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ဆောင်း ပါးနှင့် ကဗျာများထည့်သွင်းဖော်ပြထားသည်။

(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းသည် ကျောင်းသား၊ကျောင်းသူများ တပ်မတော်နေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းသိရှိစေရန်နှင့် နိုင်ငံနှင့်လူမျိူးအပေါ် ကာကွယ်လိုစိတ်၊ ထိန်းသိမ်းစောင့် ရှောက်လိုသည့် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်နှိုးကြွားတတ်ကြွနေစေရန် ရည်ရွယ်ဖြန့်ဝေပေးကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)