ရွှေတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်လံအသိပေးနှိုးဆော်

ရွှေတောင် ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် အသိပညာ ပေး နံရံကပ်ဘုတ်ပြသခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ တတ်နိုင် သမျှ မိမိတို့၏ နေအိမ်တွင်သာနေထိုင်ပြီး လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြရန်၊ ပါးစပ် နှာခေါင်းစည်း mask ကို လူစု လူဝေး ရှိရာ နေရာများသို့ သွားသည့်အခါတိုင်း တပ်ဆင်ကြရန်၊ အခြားသူများနှင့် တတ်နိုင် သမျှ ခပ်ခွာခွာ နေထိုင်ပါရန် ၆ ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြရန်၊ လက်ကို ရေနှင့်ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည် အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် စနစ်တကျ မကြာခဏ ဆေးကြောကြရန် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)