ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြည်သူများသို့ မကူးစက်စေရေး အသိပေးဆောင်ရွက်

ကိုကိုးကျွန်း ဩဂုတ် ၃၁

တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြည်သူများ ကူးစက်မှုမရှိစေရေးအား     အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက် ရှိရာ   ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန  ဝန်ထမ်းများက  မြို့နယ်အတွင်း မော်တော်ယာဉ် ဖြင့် ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြသည်၊၊

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်မူမရှိစေရန် နေအိမ်ပြင်ပသို့ ထွက်ပါက စနစ်တကျ နှာခေါင်စည်းတပ်ရန်၊ စနစ်တကျလက်ဆေးရန်၊ လူစုလူဝေးရှိရာ နေရာများ ရှောင်ရှားရန် တပ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ရန်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။ ပြည်သူများမှလည်း ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပန်ကြားချက် များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ခဲ့ကြောင်း သိရသည်၊၊

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များနှင့် အဖွဲ့ဝင်များက ပြည်သူများသို့  နှာခေါင်းစည် Mask များ တပ်ဆင်ပြီး လိုက်နာဆောင်ရွက်ကြရန်၊ လမ်းသွားလမ်းသာပြည်သူများ နှာခေါင်းစည်း  Mask  များ တပ်ဆင်ပြီးမှ စေျးအတွင်းသို့ ဝင်ရောက်ကြရန်၊ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ တစ်စုံတစ်ရာ အရေးကြီးကိစ္စများ ပေါ်ပေါက်လာပါက နှာခေါင်းစည်း Mask  များ တပ်ဆင်ပြီးမှ သွားကြရန်၊   Hand Gel    ဖြင့် လက်များ မကြာခဏဆေးကြောရန်နှင့် လူစူလူဝေး မပြုလုပ် ကြရန် အသိပေးနှိုးဆော်ခဲ့ပြီး နောက်ရက်များတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်၊၊

ကိုကိုးကျွန်း(ပြန်/ဆက်)