နတ်မောက် သြဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို မြို့နယ်ရုံး ပြည်သူ့ စာကြည့်တိုက်နှင့်ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်ကပ်ထား ကြေညာထားကြောင်း သိရှိရ သည်။
အဆိုပါ စာရင်း၌ နတ်မောက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း(၅)ဦး၊ မကွေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၇)မှ ကိုယ်စားလှယ်လောင်း(၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှ ကိုယ်စားလှယ်လောင်း(၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှကိုယ်စားလှယ်လောင်း(၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (ချင်းတိုင်းသားလူမျိုး)မှ ကိုယ်စားလှယ်လောင်း(၁၁)ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းနှင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ်လ(၃၀)ရက်နေ့မှ စတင်ကြေညာပေးလျက်ရှိပြီး အဆိုပါ ကိုယ်စားလှယ်လောင်းများသည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
သင်းသင်းဝေ (နတ်မောက်)