ကဝမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ဧက လျာထားချက်ထက် (၆)ဧကကျော် ပိုမိုစိုက်ပျိုးနိုင်

ကဝ မတ် ၁၈

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ယခုနှစ် နွေစပါး စိုက်ပျိုးမှု လျာထားချက်ထက် (၆)ဧကကျော် ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ကဝမြို့နယ်၏ ယခုနှစ် နွေစပါးစိုက်ပျိုးရန် ဒေသလျာထားချက်မှာ (၅၈၄၁)ဧကဖြစ်ကြောင်းနှင့် လက်ရှိတွင် ယနေ့အထိ (၅၈၄၇)ဧက စိုက်ပျိုးထားပြီးဖြစ်၍ လျာထားချက်ထက် (၆)ဧကကျော်လွန် စိုက်ပျိုးနိုင်ကြောင်း ယခုလကုန်အထိ (၂၀၈)ဧက ဆက်လက်ထပ်မံ စိုက်ပျိုးသွားရန်လည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုနှစ်တွင် ဆင်းသုခအထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များဖြင့် ဒေသလျာထားချက် ပြည့်မီကျော်လွန် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)