ကျောက်ကြီးမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် လုံခြုံရေးစီမံထားရှိမှု အခြေအနေအား မြို့နယ်တာဝန်ရှိသူများ လိုက်လံ စစ်ဆေး

ကျောက်ကြီး မတ်လ ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် လုံခြုံရေး စီမံထားရှိမှု အခြေအနေအား မြို့နယ်တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့သည်။

စစ်ဆေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျောက်ကြီးမြို့ပေါ် အထက (ကျောက်ကြီး) ကျောင်း၊ အထက (ခွဲ) ပဲခူးရပ်ကျောင်းနှင့် မူလတန်းလွန် ဆိပ်ကြီးကျောင်း တို့တွင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုပြီးမြောက် နိုင်ရေးနှင့် ကျောင်းအတွင်း ကျောင်းအပြင် လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် အလယ်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၁၄) ကျောင်းရှိပြီး၊ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် ကျောင်းတွင်း စစ်ဆေးခြင်းနှင့် နှစ်ဆုံးစာမေးပွဲများ အခြေခံပညာလယ်ဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း (Grade.9) စာမေးပွဲကို စာစစ်ဌာန (၁၈) ခုဖွင့်၍ မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ စစ်ဆေး ရမည်ဖြစ်ပြီး၊ မူလတန်းအဆင့် သင်ရိုးသစ် Grade.4 နှစ်ဆုံး ကျောင်းတွင်းစစ် စစ်ဆေးခြင်းကို မတ်လ ၁၇ ရက်နေ့မှ ၁၉ရက်နေ့အထိ တစ်နေ့ ၂ဘာသာ နှုန်း စာသင်ချိန် ၁ချိန်စာ စစ်ဆေးမည်ဖြစ်ကြောင်း၊ Grade.4 အတွက် မိမိကျောင်းမေးခွန်းများဖြင့် နှစ်ဆုံးစာမေးပွဲ စစ်ဆေး ပြုလုပ်သွားမည်ဖြစ်၍ ကျောင်းတွင်းစစ် စာမေးပွဲ ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ဦးတင်ဝင်း ထံမှသိရသည်။

မြို့နယ် (ပြန်/ဆက်)